Tara's International School

banner_image

Online IGCSE Program

25/08/2024

မြန်မာနိုင်ငံအနှံ့ရှိ နိုင်ငံတကာအသိအမှတ်ပြု UK တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်ကိုရယူချင်သူ ကျောင်းသူ၊ သားများအတွက် Tara’s International School မှ Online IGCSE Program နဲ့မိတ်ဆက်ပေးပါရ‌စေ။✨


ဒီ Online IGCSE Program ကို ဘယ်သူတွေတက်သင့်လဲ❓

နိုင်ငံရပ်ခြား တက္ကသိုလ်ကြီးများမှာ သွားရောက်ပညာသင်ယူလိုသူများ၊ ပညာသင်ဆုလျှောက်လိုသူများ အဓိကထားတက်ရောက်သင့်ပါတယ်။


သင်ကြားပေးမယ့်ဘာသာရပ်တွေက ဘာတွေလဲ❓

Tara’s ရဲ့ Online IGCSE Program မှာသင်ကြားပေးမယ့် ဘာသာရပ်တွေက-


🔹English (ESL, EFL)

🔹Mathematics (A, E)

🔹Computer Science, ICT

🔹Science (Chemistry, Physics, Bio)

🔹Business, Accounting, Economics စတဲ့ဘာသာရပ်များအားလုံးကို မြန်မာ+အင်္ဂလိပ်ဘာသာစကား ၂မျိူးဖြင့် နိုင်ငံတကာသင်ရိုး သင်ကြားရေးအတွေ့အကြုံရှိ ဆရာ၊ဆရာမများက ကျောင်းသား၊ကျောင်းသူများကို ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် စာသင်ကြားနေရင်းဖြင့် Pass Paper များ၊ မေးခွန်းများကို တပါးတည်းလေ့ကျင့်သင်ကြားပေးမှာဖြစ်တာ‌ကြောင့် ကျောင်းသူ၊ သားများအတွက် အကျိုးရှိစေမှာဖြစ်ပါတယ်။


ကျောင်းသူ၊ သားဦးရေ နဲ့ သင်ကြားပေးမယ့်ပုံစံကရော❓

အတန်းတစ်တန်းမှာ ကျောင်းသူ၊ သားဦးက အများဆုံး(၁၀)ယောက်ထိလက်ခံသင်ကြားပေးမှာဖြစ်တာကြောင့် စာမလိုက်နိုင်တဲ့ ပြဿနာမျိုးမရှိစေပဲ ကလေးတစ်ယောက်ချင်းစီတိုင်းအတွက် အသေးစိတ်ဂရုစိုက်သင်ယူမှုကို ရရှိစေမှာဖြစ်ပါတယ်။


💻Zoom App ဖြင့်တိုက်ရိုက်သင်ကြားပေးပြီး လိုအပ်တဲ့ သင်ခန်းစာ၊ အိမ်စာ၊ Practice Test များကို Google Classroom မှတဆင့် ကျောင်းသူ၊ သားများ Self Study လုပ်နိုင်အောင် သင်ကြားပေးသွားမှာဖြစ်ပါတယ်။


Tara’s ရဲ့ Online IGCSE Program ကို ဘာကြောင့် ရွေးချယ်သင့်တာလဲ❓

✅ အွန်လိုင်းကနေ အချိန်မရွေး၊ နေရာမရွေးတက်‌ရောက်နိုင်ပြီး လူကိုယ်တိုင်တက်‌ရောက်ရသကဲ့သို့ သင်ကြား‌မှုရပ်ဝန်းကိုရရှိနိုင်ခြင်း။


✅ ကျောင်းသူ၊ သားဦးရေ ကန့်သတ်ထား‌သော‌ကြောင့် ထိရောက်သော သင်ကြားမှုကို ရရှိစေခြင်း။


✅ ကျောင်းသူ၊ သားများရဲ့ အနာဂတ်ရည်မှန်းချက်ပန်းတိုင်နဲ့ ကိုက်ညီတဲ့ ဘာသာရပ်များကိုလည်း လမ်းညွှန်ဆွေးနွေးပေးခြင်း။


✅ ဘာသာရပ်တစ်ခုချင်းစီကို အတွေ့အကြုံရင့် ကျွမ်းကျင်ပိုင်နိုင်တဲ့ ဆရာ၊ဆရာမများက စနစ်တကျသင်ကြားပေးခြင်း။


✅ နားမလည်တဲ့ သင်ခန်းစာတွေကို ကျောင်းချိန်အတွင်း အချိန်မရွေး မေးမြန်းနိုင်ခြင်း။


✅ သင်ခန်းစာတစ်ခုပြီးဆုံးတိုင်းမှာ စာမေးပွဲများဖြင့် အကဲဖြတ်စစ်ဆေးပေးခြင်း။


✅ Zoom ဖြင့် Online ကတဆင့်သင်ကြားရသော်လည်း ကျောင်းသူ၊ သားများရဲ့ ပညာရေးလိုအပ်ချက်များကို အသေးစိတ်မှတ်တမ်းတင်ဂရုတစိုက်ရှိခြင်း။


စတဲ့ အချက်များကို Tara’s International School ရဲ့ Online IGCSE Program ကသာ ရရှိနိုင်မှာဖြစ်ပါတယ်။ 🤗


On Campus တက်ရောက်လိုသူ ကျောင်းသူ၊ သားများအတွက် မန္တလေးမြို့နှင့် ရန်ကုန်(Times City) ရှိ

Bright Star English School ကျောင်းခွဲမှာ တက်ရောက်နိုင်အုံးမှာဖြစ်ပါတယ်။


သားသား၊ မီးမီးတို့ရဲ့ အနာဂတ်ပညာရေးမှာ နောက်ကောက်မကျခဲ့ပဲ သာယာဖြောင့်ဖြူးစေဖို့ TIS ရဲ့ Online IGCSE Program ကိုရွေးချယ်ကြပါစို့။✨