
New Direction 2024 Conference
03/12/2024
Tara’s International School နှင့် Bright Star English School တို့၏ School Leader ဖြစ်သော Tr. Yu မှ British Council မှစီစဉ်ကျင်းပသည့် New Direction 2024 Conference သို့ တက်ရောက်ခဲ့ပါသည်။🎀
ယင်းအစီအစဥ်မှ ပညာရေးတွင် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းများနှင့်အညီ ဆန်းသစ်တီထွင်မှုများ၊သင်ကြားရေးဆိုင်ရာ နည်းပညာများနှင့် တန်ဖိုးရှိသောထိုးထွင်းသိမြင်မှုများကို ပေးစွမ်းခဲ့သည့်အတွက် BSES & TIS မှကျောင်းသား၊ကျောင်းသူများအတွက် ပညာရေးလမ်းကြောင်းတစ်လျှောက်တွင်လည်း နိုင်ငံတကာနှင့်အညီ ဆက်လက်တိုးတက်နေစေရန် ကူညီပံ့ပိုးပေးမှာပဲ ဖြစ်ပါတယ်။
🌟Bright Star English School နှင့် Tara’s International School မှလည်းကျောင်းအသိုက်အဝန်းအတွက် အကောင်းဆုံးရလဒ်များကိုသေချာစေရန် ကမ္ဘာလုံးဆိုင်ရာပညာရေးတိုးတက်မှုများနှင့်အတူ စဥ်ဆက်မပြတ်ချိတ်ဆက်ပြီး ကူညီပံ့ပိုးကြိုးစားပေးသွားမည်ဖြစ်ကြောင်း ကတိစကားပြောကြားလိုက်ပါရစေရှင့်။