Tara's International School

banner_image

💎 IGCSE ဆိုတာ ဘာများလဲ။ ဘယ်သူတွေဖြေကြတာလဲ

26/08/2024

💎 IGCSE ဆိုတာ ဘာများလဲ။ ဘယ်သူတွေဖြေကြတာလဲ။


🏵 ယနေ့မှာတော့ “Bright Star English School (MDY) က IGCSE သင်ရိုးနဲ့ စာမေးပွဲများအကြောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။


IGCSE ရဲ့ အရှည်က International General Certificate of Secondary Education (IGCSE) ဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြုတဲ့ အောင်လက်မှတ်တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာမှာ အသက် ၁၄နှစ်မှ ၁၆နှစ်အတွင်းရှိတဲ့ ကျောင်းသား၊ကျောင်းသူအများစု ဖြေဆိုလေ့ရှိကြပါတယ်။


🌼 IGCSE အောင်လက်မှတ်ကို နိုင်ငံတကာက တက္ကသိုလ်များနဲ့ အလုပ်ရှင်များက အသိအမှတ်ပြုတာကြောင့် သင်ကြားရေးအခွင့်အလမ်းရှာဖွေနေသူများနဲ့ အလုပ်အကိုင်ရှာဖွေလိုသူများအတွက်ပါ အသုံးတည့်ပါတယ်။


🌼 မြန်မာနိုင်ငံက IGCSE စာမေးပွဲဖြေဆိုလိုသူများအနေနဲ့ Cambridge Assessment International Education (CAIE) နဲ့ Pearson Edexcel ဆိုတဲ့ စာမေးပွဲစစ်ဆေးပေးတဲ့အဖွဲ့အစည်းနှစ်ခုကို အဓိကချိတ်ဆက်ကာ ဖြေဆိုနိုင်ပါတယ်။ မိမိရဲ့ စာသင်ကျောင်းက မည်သည့်အဖွဲ့အစည်းနဲ့ချိတ်ဆက်ကာ သင်ကြားပေးနေသလဲအပေါ်မှာမူတည်ကာ သက်ဆိုင်ရာ စာမေးပွဲစီစစ်မှုကို ဝင်ရောက်ဖြေဆိုနိုင်ပါတယ်။


🌼 မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်အပေါ်မှာ မူတည်ပြီး မိမိသင်ယူလိုတဲ့ ဘာသာရပ်ကို ရွေးချယ်နိုင်ပါတယ်။ အဓိကဘာသာရပ်များအနေနဲ့ Language ၊ Mathematics နဲ့ Science ကို ရွေးချယ်ကာ ယူရမှာဖြစ်ပါတယ်။ အနည်းဆုံး (၅) ဘာသာက စတင်ယူကြပြီး (၁၄) ဘာသာအထိ ယူကြတဲ့ ကျောင်းသားများလည်းရှိပါတယ်။


🌼 Cambridge Assessment International Education (CAIE) နဲ့ ချိတ်ဆက်ကာ ဖြေဆိုမယ်ဆိုရင် ဘာသာရပ်ပေါင်း (၇၀) ကျော်အထဲက ရွေးချယ်နိုင်မှာဖြစ်ပြီး Pearson Edexcel နဲ့ ချိတ်ဆက်ကာ ဘာသာရပ်ပေါင်း (၄၀)ဝန်းကျင်အထိ ရွေးချယ်နိုင်ပါတယ်။


🌼 IGCSE စာမေးပွဲမှာ အမြင့်ဆုံးရမှတ်အဆင့် A* ကနေ အနိမ့်ဆုံးရမှတ်အဆင့် G အထိ သတ်မှတ်ပေးထားပါတယ်။ တက္ကသိုလ်ကောင်းကောင်းရွေးချယ်လိုသူများအနေနဲ့ ရမှတ်အဆင့်မြင့်လေလေ၊ ကျောင်းဝင်ခွင့်ရနိုင်ချေများလေလေဖြစ်ပါတယ်။ (ယခုနောက်ပိုင်းမှာ အချို့သောဘာသာရပ်တွေကို Grade 1 to 9 သတ်မှတ်ပေးတာမျိုးလည်းရှိပါတယ်။)


🌼 IGCSE O-Level ကို ပြီးမြောက်ထားသူများအနေနဲ့ A-Levels ကို ထပ်မံတက်ရောက်ဖို့ ရွေးချယ်နိုင်သလို IB Diploma နဲ့ pre-university programs များကိုလည်း ရွေးချယ်ကာ တက်ရောက်နိုင်ပါတယ်။


🌼 IGCSE စာမေးပွဲများကို တစ်နှစ်လျှင် နှစ်ကြိမ်ကျင်းပပေးလေ့ရှိတာကြောင့် မိမိအဆင်ပြေရာအချိန်ကို ရွေးချယ်ကာ ဖြေဆိုနိုင်ပါတယ်။


🌼 IGCSE သင်တန်းများကို တက်ရောက်ဖို့နဲ့ စာမေးပွဲကို ဝင်ရောက်ဖြေဆိုဖို့အတွက် မည်သည့်အတန်းကို အောင်မြင်ပြီးမြောက်ထားရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးမရှိပါဘူး။ မိမိရဲ့အိမ်မှာ စနစ်တကျ သင်ယူမှုလုပ်ထားသူများနဲ့ သင်တန်းများကို တက်ရောက်ကာ သင်ခန်းစာများကို ပိုင်နိုင်သူများအနေနဲ့ မိမိအဆင်သင့်ဖြစ်တဲ့အချိန်မှာ စာမေးပွဲကို Registration ပြုလုပ်ကာ ဖြေဆိုနိုင်ပါတယ်။


________________________________________


🏵 IGCSE O’Level ကို တက်ရောက်ရန်စိတ်ဝင်စားပြီး မိမိလျှောက်ထားလိုတဲ့ တက္ကသိုလ်နဲ့ ဘာသာရပ်အပေါ်မူတည်ကာ သင်ကြားရမယ့် ဘာသာရပ်များကိုရွေးချယ်နိုင်ရန် တိုင်ပင်ဆွေးနွေးပေးမယ့် သင်တန်းကောင်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင် “BSES” Pageမှာသော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း လာရောက်စုံစမ်းနိုင်ပြီဖြစ်ပါတယ်။ “BSES” မှာ လူကိုယ်တိုင်သင်တန်းတက်ရောက်လိုသူများအတွက်ရော၊ အွန်လိုင်းကတဆင့် သင်တန်းတက်ရောက်လိုသူများအတွက်ပါ စီစဥ်ပေးထားတာကြောင့် မိမိအဆင်ပြေရာနည်းလမ်းကို အသုံးပြုကာ သင်ယူနိုင်ပြီဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါတယ်။


🏵 အပ်နှံနိုင်မည့်အတန်း – IGCSE O’level

🏵 ရွေးချယ်နိုင်သည့်ဘာသာများ – ESL, Mathematics, Physics, Chemistry, Biology, Economics, Business, ICT

🏵 အတန်းချိန်များ – Monday to Friday

(မနက် ၉နာရီမှ ညနေ ၃နာရီအထိ)


🏵 ဆက်သွယ်နိုင်မည့် ဖုန်းနံပါတ် – 09452461000, 09452462000

🏵 ကျောင်းတည်နေရာ – အမှတ် (G-8), 78 street, between 30 x 31, Great Wall တိုက်တန်း, isure အနီး, ချမ်းအေးသာစံမြို့နယ်, မန္တလေး


🌸 ပညာရေးမှာ နောက်ကောက်ကျမကျန်ခဲ့စေဖို့ ယခုပဲ “BSES”ကို လာရောက်ကာ ချိတ်ဆက်လိုက်ပါ။