Frog Dissection Experiment
27/07/2024
Frog Dissection Experiment (ဖားခွဲစိတ်လေ့လာခြင်း) 🐸🔬🔪
TIS students operated and learned to deeply understand about the stomach, intestines, liver, gallbladder, and alimentary canal which are the organs in the digestive system of a frog. They learned how the organs work and built the organs of the frog’s heart, blood vessel, lungs, Liver, Nerves System, and the structure of skin and muscle.
In order to get better at understanding the basic structure of the organs of most animals, Year 9 & Year 7 students did the frog dissection experiment that we want to share about. 🤗
ဖားတစ်ကောင်ရဲ့ အစာခြေဖျက်စနစ်ရှိ အင်္ဂါအစိတ်အပိုင်းများ ဖြစ်သော အစာရေမြို၊ အစာအိမ်၊ အူသိမ်၊ အူမကြီး၊ အစာဟောင်းအိမ်၊ အသည်း၊ သည်းခြေအိတ်စသည်တို့ကို ကျောင်းသူ၊ သားများအနေနဲ့ လက်တွေ့သိမြင်နားလည်လာနိုင်စေရန် ဖားတစ်ကောင်အား ခွဲစိတ်လေ့လာခဲ့ကြပါတယ်။ ဖားရဲ့ နှလုံး၊ သွေးကြော၊ အဆုတ်၊ အသည်း၊ အာရုံကြော၊ အရေပြားနှင့် ကြွက်သားတို့ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ လုပ်ဆောင်ပုံတို့ကိုလည်း အဆင့်ဆင့်သိရှိနိုင်စေရန် လေ့လာသင်ယူခဲ့ကြပါတယ်။
သတ္တဝါများရဲ့ ကိုယ်တွင်း အင်္ဂါဖွဲ့စည်းတည်ဆောက်ပုံအခြေခံကို ကောင်းစွာသိရှိနားလည်နိုင်ဖို့အတွက် TIS ရှိ Year 9 နဲ့ Year 7 ကျောင်းသူ၊ သားများရဲ့ Frog Dissection Experiment ပြုလုပ်ခဲ့ကြသည်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ 🤗
သားသား၊ မီးမီးတို့ရဲ့ အနာဂတ်ပညာရေးမှာ နောက်ကောက်မကျခဲ့ပဲ သာယာဖြောင့်ဖြူးစေဖို့ Tara’s International School မှ ဖေဖေ၊ မေမေတို့နဲ့အတူ လက်တွဲကူညီပံ့ပိုးပေးချင်ပါတယ်။🤝✨